TGOR, 1930

The Guys of Yangon,1930 …………………… အခန်း ( ၁ ) ……….. ၁၉၂၇ ၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့။ နံနက် ၁၀ နာရီ။ လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက လမ်းမတော် ( ၁၄ ) လမ်းဈေးသည် ယခုလို မဟုတ်။ လူလူသူသူများနှင့် ရှုပ်ထွေးဆူညံနေသေးသည်။ အခုတော့ ရုတ်တရက်ကြီး ငြိမ်သက်သွား၏။ အချို့ လမ်းဘေးဈေးဆိုင်များကလည်း အလျင်အမြန်နေရာရွေ့သွားကြသလို၊ ဆိုင်ခန်းအချို့ကလည်း ဆိုင်တံခါးများကို စေ့ထားလိုက်ကြသည်။ '' ပုဏ္ဍားတပည့် မရမ်းသီး နဲ့ ဘစိုး အဆော်ခံလိုက်ရတာ၊ မရမ်းသီးကတော့ မှောက်သွားပြီ၊ ဘစိုးက အပြေးမြန်လို့ '' '' ဒုက္ခပါပဲ .. ဘယ်သူ လုပ်လိုက်တာတုန်း '' '' ဘဲဥဆိုင်က မချစ်ပု သားလေ '' '' ဘသိန်း လား '' '' မဟုတ်ဘူး… . အကြီးကောင်လေ .. ဘတ်စ်ကားစပယ်ရာလိုက်တဲ့ကောင်လေး . ဖိုးတုတ် .. ဖိုးတုတ် '' '' ဟယ် .. ဒီကောင်လေးကလည်း နောက်ပိုင်း ဇ ကလေးဆိုးဆိုးနဲ့ .. ပြသနာတွေတော့ များကုန်တော့မယ် .. ဒုက္ခပါပဲ '' ဈေးထဲမှ တီးတိုးအသံများနှင့်အတူ အားလုံး ၏မျက်လုံးများက ဖိုးတုတ်ထံသို့။ ကတုံးဆံတေ...